← Blog
Basics

“Typeface” နှင့် “Font” ဘာကွာလဲ

“Typeface” နှင့် “Font” ဆိုတဲ့ စကားလုံးနှစ်လုံးကို လူအများစုက အတူတူပဲလို့ ထင်ကြပေမယ့် အမှန်တကယ်တော့ အနည်းငယ် ကွာခြားပါတယ်။

Typeface ဆိုတာက စာလုံးပုံစံတစ်မျိုးလုံးရဲ့ Design concept ကို ခေါ်တာဖြစ်ပြီး၊ Font ဆိုတာကတော့ အဲဒီ Typeface ကို အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ file တစ်ခု (ဥပမာ - .ttf, .otf) ကို ခေါ်ပါတယ်။

ဥပမာပြောရရင် — “Pha Sans” ဆိုတာ Typeface တစ်ခုပါ။ ဒါပေမယ့် Regular, Bold, Italic စတဲ့ weight/style တစ်ခုချင်းစီဟာ Font တစ်ခုစီပါ။ ဆိုတော့ Typeface တစ်ခုဟာ Font များစွာနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောလို့ရပါတယ်။

ဒီကွာခြားချက်ကို နားလည်ထားရင် Font ဝယ်တဲ့အခါ၊ Design work လုပ်တဲ့အခါ ပိုမိုနားလည်လွယ်ပါလိမ့်မယ်။