License လမ်းညွှန်

မှန်ကန်တဲ့ License ကို ရွေးချယ်ခြင်း

ဖန်တီး TypeLab ရဲ့ Font တိုင်းမှာ License Tier လေးမျိုး ပါဝင်ပါတယ်။ Font ကို ဘယ်လိုအသုံးပြုမလဲဆိုတာနဲ့ ကိုက်ညီတဲ့ Tab ကို ရွေးချယ်ပြီး အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။

Freelance

Freelance License သည် မိမိကိုယ်ပိုင် Project များနှင့် Client project များ (အသေးစားနှင့် အလတ်စား) လုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသော လိုင်စင်ဖြစ်ပါသည်။

This license supports
School projects

ကျောင်းနှင့်ပတ်သက်သော ဒီဇိုင်းများနှင့် ပရောဂျက်များတွင် အသုံးပြုနိုင်ပါသည်။

Non-profit layouts

အများပြည်သူအကျိုးပြု လုပ်ငန်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အကျိုးအမြတ်မယူသော နေရာများတွင် အသုံးပြုနိုင်ပါသည်။

Freelance and Client Social medias

မိမိကိုယ်ပိုင်နှင့် Client များအတွက် ကြော်ငြာရည်ရွယ်ထားသော Cover photo များနှင့် Social media တွေမှာတင်မယ့် ပုံတွေနဲ့ content ဒီဇိုင်းတွေမှာ စိတ်ကြိုက် အသုံးပြုနိုင်ပါသည်။

Business Cards, Flyers & Posters

မိမိကိုယ်ပိုင် (သို့) ပရိုမိုးရှင်းပွဲများအတွက် လိပ်စာကတ်များ၊ စာအိတ်များနှင့် letterheads ဒီဇိုင်းများ၊ Flyers, Posters, Brochures များနှင့် လက်ကမ်းစာစောင်များကို ပုံနှိပ်ထုတ်ဝေရန် ဒီဇိုင်းဆွဲနိုင်ပါသည်။

Videos & Motion Graphics

Social media video content များနှင့် Client များ၏ ကြော်ငြာ video များတွင် ထည့်သွင်း အသုံးပြုနိုင်ပါသည်။

Logos For SMEs

အလတ်/အသေးစား လုပ်ငန်းများအတွက် လိုဂိုဒီဇိုင်းရေးဆွဲခြင်းများတွင် အသုံးပြုနိုင်ပါသည်။

သတိပြုရန် - ဤလိုင်စင်သည် ကုမ္ပဏီ (သို့) ကော်ပိုရိတ်လုပ်ငန်းကြီးများ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုမည့် အကြီးစား Brand Identity များ (ဥပမာ- လမ်းဘေး Billboards ကြီးများ၊ ကုန်ပစ္စည်း Packaging အကြီးစားများ) အတွက် အကျုံးမဝင်ပါ။ ထိုကဲ့သို့ လုပ်ငန်းကြီးများအတွက် အကန့်အသတ်မဲ့ အသုံးပြုနိုင်သော Commercial License ကို ဝယ်ယူရန် လိုအပ်ပါသည်။

အသုံးပြုမှု ကန့်သတ်ချက်များ
  • ဖောင့်များကို ပြန်လည်ရောင်းချခြင်း၊ ဝေမျှခြင်း၊ တခြား Social Media များတွင် ပြန်တင်ပေးခြင်း၊ AI Feeding လုပ်ခြင်း ခွင့်မပြုပါ။
  • ဖောင့်များကို အကြောင်းပြုပြီး Photo Editor Apps များနှင့် တခြား Canva ကဲ့သို့သော Online Tool များတွင် ထည့်သွင်းပြီး အကောင့်ပြန်ရောင်းစားခြင်း (လုံးဝ) ခွင့်မပြုပါ။
  • ခွင့်ပြုချက်မရှိဘဲ ဖောင့်ဖိုင်အတွင်း တိုင်းရင်းသားစာများဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ဖြန့်ဝေခြင်း လုံးဝ ခွင့်မပြုပါ။
အခမဲ့ Font များ

Catalog ထဲက Free ခေါင်းစီးပါတဲ့ Font တွေဟာ ကိုယ်ပိုင်နှင့် Commercial အသုံးပြုမှု နှစ်ခုစလုံးအတွက် အခမဲ့ဖြစ်ပါတယ် — License ဝယ်ယူစရာ မလိုအပ်ပါ။