← Blog
Design tips

Brand တစ်ခုအတွက် ဖောင့်ကို ဘယ်လိုရွေးချယ်မလဲ

Font ရွေးချယ်ခြင်းဟာ Brand personality ကို ဖော်ပြပေးတဲ့ အရေးကြီးဆုံး Design decision တစ်ခုပါ။ ဒီဆောင်းပါးလေးမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

၁။ Readability အရင်စဉ်းစားပါ — Font က လှတယ်ဆိုပြီးရွေးရုံနဲ့ မလုံလောက်ပါဘူး။ Body text အတွက်ဆိုရင် ဖတ်ရလွယ်ကူမှု (readability) က ပထမဆုံးစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။

၂။ Brand voice နဲ့ကိုက်ညီအောင်ရွေးပါ — Playful brand ဆိုရင် Rounded style font တွေက သင့်တော်ပြီး၊ Professional/Corporate brand ဆိုရင် Text category ဖောင့်တွေက ပိုသင့်တော်ပါတယ်။

၃။ Weight/Style ရွေးချယ်နိုင်မှု ရှိ/မရှိ စစ်ပါ — Style တစ်ခုတည်းရှိတဲ့ Font ဟာ Headline အတွက်တော့ ကောင်းပေမယ့် Body text အထိသုံးဖို့တော့ Weight အများကြီးရှိတဲ့ Font ကို ရွေးသင့်ပါတယ်။

၄။ License သေချာစစ်ပါ — Commercial project အတွက်ဆိုရင် License အမျိုးအစား (Personal/Commercial/Digital embedding) ကို သေချာစစ်ဆေးပြီးမှ အသုံးပြုပါ။