← Blog
Myanmar type

Myanmar Unicode Font အကြောင်း သိထားသင့်တဲ့အချက်များ

မြန်မာစာကို digital device တွေပေါ်မှာ မှန်ကန်စွာ ပြသနိုင်ဖို့ Unicode standard ဟာ အရေးကြီးပါတယ်။ Unicode မတိုင်ခင်က Zawgyi လို font တွေက widely သုံးခဲ့ကြပေမယ့် Zawgyi ဟာ international standard မဟုတ်တဲ့အတွက် platform တစ်ခုနဲ့တစ်ခု ကွဲပြားမှုတွေ ဖြစ်ခဲ့ပါတယ်။

Unicode font တွေကတော့ international standard ကို လိုက်နာထားတဲ့အတွက် iOS, Android, Windows, Mac စတဲ့ platform မှန်သမျှမှာ တသမတ်တည်း ပြသနိုင်ပါတယ်။ ဒါ့အပြင် search engine တွေက Myanmar Unicode စာသားကို မှန်ကန်စွာ index လုပ်နိုင်တဲ့အတွက် SEO အတွက်ပါ အထောက်အကူဖြစ်ပါတယ်။

ဖန်တီး TypeLab ရဲ့ Font အားလုံးဟာ Myanmar Unicode standard ကို လိုက်နာပြီး ဒီဇိုင်းထုတ်ထားတာဖြစ်လို့ website, app, social media graphic မှာ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။