← Blog
Design tips

Serif vs Sans-serif — ဘယ်အချိန်၊ ဘယ်နေရာမှာ သုံးသင့်လဲ

Font category နှစ်မျိုးကြီးဖြစ်တဲ့ Serif နဲ့ Sans-serif ရဲ့ ခြားနားချက်ကို နားလည်ထားခြင်းက Design decision အတွက် အလွန်အထောက်အကူဖြစ်ပါတယ်။

Serif Font တွေဆိုတာ စာလုံးအစွန်းတွေမှာ သေးငယ်တဲ့ “ခြေထောက်” ပုံစံလေးတွေ ပါဝင်တဲ့ Font တွေဖြစ်ပါတယ်။ Traditional, Elegant, Trustworthy ဆိုတဲ့ Feel ကို ဖြစ်စေတဲ့အတွက် Editorial content၊ Publishing၊ Luxury brand တွေမှာ များများသုံးကြပါတယ်။

Sans-serif Font တွေကတော့ အဲဒီ ခြေထောက်ပုံစံ မပါဘဲ Clean, Modern, Minimal Feel ကို ဖြစ်စေပါတယ်။ Screen/Digital product တွေမှာ Readability ကောင်းတဲ့အတွက် Website, App UI တွေမှာ အများဆုံး ရွေးချယ်ကြပါတယ်။

Rule of thumb အနေနဲ့ — Print/Editorial ဆိုရင် Serif ကို၊ Digital/UI ဆိုရင် Sans-serif ကို စဉ်းစားကြည့်ပါ။ ဒါပေမယ့် ဒါဟာ absolute rule မဟုတ်ပဲ Brand personality အလိုက် ပြောင်းလဲနိုင်ပါတယ်။