← Blog
Basics

Lettering, Calligraphy, Typography — သုံးမျိုးရဲ့ ကွာခြားချက်

Design လောကထဲမှာ Lettering, Calligraphy, Typography ဆိုတဲ့ စကားလုံးသုံးလုံးကို မကြာခဏ ရောထွေးသုံးနေကြပါတယ်။ တကယ်တော့ သူတို့သုံးခုစီမှာ ကွဲပြားတဲ့ သဘောသဘာဝ ရှိပါတယ်။

Calligraphy ဆိုတာ လက်နဲ့ တစ်လုံးချင်း ရေးသားခြင်း အနုပညာ ဖြစ်ပါတယ်။ Brush pen, dip pen စတဲ့ tool တွေသုံးပြီး stroke တစ်ခုချင်းစီကို ကျွမ်းကျင်စွာ ထိန်းချုပ်ရေးဆွဲရပါတယ်။

Lettering ဆိုတာကတော့ စာလုံးတွေကို ပုံဆွဲသလို design လုပ်ခြင်းဖြစ်ပြီး၊ ဖတ်ရလွယ်ခြင်းထက် visual composition ကို ပိုအလေးထားပါတယ်။ Poster, logo တွေမှာ တစ်ကြိမ်တည်း အသုံးပြုဖို့ ရေးဆွဲတာများပါတယ်။

Typography ဆိုတာကတော့ ရှိပြီးသား Font/Typeface ကို layout၊ spacing၊ hierarchy တွေ စီစဉ်ပြီး design ထဲမှာ အသုံးချတဲ့ Skill ဖြစ်ပါတယ်။ Font ကို ပြန်ဆွဲစရာမလိုပဲ ရွေးချယ်၊ စီစဉ်ရုံပါ။

ဖန်တီး TypeLab က ဖန်တီးပေးနေတာက Font/Typeface တွေဖြစ်ပြီး၊ ဒီ Font တွေကို Designer တွေက Typography Skill သုံးပြီး Project အသီးသီးမှာ အသုံးချကြရပါတယ်။